Friday, July 20, 2012

မြန်မာနိုင်ငံသားမှန်ရင်အဲလိုမရိုင်းပါနဲ့

အခုခေတ်ကကြောက်စရာကောင်းနေပြီလေ။ ကလေးမငယ်ငယ်လေးတွေက၀တ်ချင်တာဝတ်။ အဲလိုဝတ်တာကို အဘိုးအရွယ်လောက်ဦးလေးကြီးတွေက ကြည့်ချင်သလိုကြည့်ကြနဲ့ပေါ့။ 

အဲလိုမလုပ်သင့်ဘူးအမှန်တကယ်တော့ ဒါကကိုယ့်သမီးအရွယ်တွေ၊ ကိုယ့်မြေးအရွယ်တွေလေ 

မိန်းခလေးရဲ့ အိနြေ္ဒကို ထည့်စဉ်းစားသင့်တယ်။ 

အမျိုးသမီးတွေလဲ လူပဲလေ သူ့မှာကိစ္စရှိလို့သွားချင်တဲ့နေရာသွားမှာပေါ့။
ရုံးအလုပ်ရှိတဲ့ လူကရုံးသွားမှာပဲ။ ဒီလိုပဲကျောင်းသွားစရာလိုတဲ့လူကကျောင်းသွားမှာပေါ့။
တခြားအလုပ်ကိစ္စ ရှိတဲ့လူတွေလဲမိမိ အလုပ်နှင့်မိမိ မိမိ တာဝန်နှင့်မိမိ နေရာမျိုးစုံအောင်လျှောက်သွားနေရတာပဲလေ။

တစ်နေ့ပေါ့  အမတစ်ယောက်က စားသောက်ဆိုင်တစ်ဆိုင်ကိုသွားတယ်။ သူ့ရဲ့ money သွားတောင်းတာပေါ့ဟာ။ အဲဒီမှာ သူကကောင်တာမှာ ရပ်ပြီးဆိုင်ရှင်နဲ့စကားပြောတာပေါ့။ သူ့ရဲ့ဘေးမှာကစားသောက်နေကြတဲ့အရက်သမားတွေပေါ့။ သူ့ကိုစိုက်ကြည့်နေတာ။ သူကလဲ မိန်းခလေးပဲ ဟိုဘက်ဒီဘက် ရှောင်တာတောင် လိုက်ကြည့်တယ်လေ။ သူလဲစိတ်တို ဒေါပွပြီး ဒီတိုင်းသာပြန်လာလိုက်တာ စိတ်ထဲအခဲမကြေဘူး။ အမှန်တော့သူဝတ်တာလဲ မရိုင်းပါဘူးအကျီ င်္လက်ရှည်နဲ့ အပေါ်က ထပ်အကျီ င်္ ၀တ်ထားတယ်။ ပြီးတော့ဂျင်းဘောင်းဘီနဲ့လေ။ သူ့ဘ၀မှာ ဒီလိုအဖြစ်မျိုးလဲတစ်ခါမကကြုံနေရလို့ သူလဲအရမ်းဒေါပွတာပေါ့။ ဒါပေမယ့်ဘာလုပ်နိုင်မှာလဲ သူ့မှာတားပိုင်ခွင့်မှမရှိတာ သူ့ကိုဒီလိုမကြည့်နဲ့လို့သွားပြောရင်လဲ သူပဲအရှက်ကွဲမှာပေါ့။
တကယ်လို့သူတို့ညီမ၊ သူတို့အစ်မ မဟုတ်ဘူးဒီလိုပြောတာထက်ပိုထိရောက်အောင်လို့
သူတို့ကောင်မလေး၊ သူတို့မိန်းမ တွေဆိုရင်ရောတခြားယောက်ျားတွေကကြည့်ရင်သူတို့နေရာချင်းရှင်းတောင်ရှင်းနိုင်တယ။်
မဟုတ်ဘူးလားပြောတာက။ ဒီလိုမရိုင်းပါနဲ့။ မြန်မာနိုင်ငံသားအချင်းချင်းပါပဲကွာ။
 နောက်တစ်ခုက ကလေးမငယ်ငယ်လေးတွေကို မိဘတွေက၀တ်ချင်တာပေးဝတ်ခိုင်းနေတာပဲ။ ဒါလဲမကောင်းဘူး ဒီလိုဝတ်ရင်းကနေ သူတို့စိတ်ထဲအယူမှားသွားနိုင်တယ်လေ။ သူတို့ဘ၀ကလဲအခုမှအသစ်စတုန်းလေ သူတို့အညွှန့်လေးတွေကိုရိုက်မချိုးစေချင်ဘူး ။ မိဘတွေက
လဲထိန်းသင့်တာပေါ့နော်။ သူတို့ဘ၀လေးတွေအတွကပြောတာပါ။ အားလုံးကောင်းစေချင်တယ်။
အိုကေ  ဒီတော့မိန်းခလေးတွေကလဲဆင်ဆင်ခြင်ခြင် အမျိုးသားတွေကလဲဆင်ဆင်ခြင်ခြင်ဆိုကောင်းတာပေါ့။


အင်းရေးရတာတော့ကောင်းတယ်။ စိတ်ထဲရှင်းသွားတာပဲခုလိုချရေးလိုက်မှ။ ဘယ်လိုမှတ်ချက်တွေပဲလာလားဖြေရှင်းဖို့အသင့်ပါပဲ။ 

0 ပြောကြားချက်များ:

Post a Comment