This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 24, 2012

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးရဲ့ အစွမ်းနဲ့ နည်းလမ်း



အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသံ
ုးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။

ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင်
ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ၀မ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။

နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့
ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက်ရှိနေသူတွေအတွက် ထောက်ပတ်သီး အတွင်းသားကို ထုတ်ယူပြီး ပွတ်သပ်လိမ်း ပေးခြင်း ဖြင့်လည်း အမဲကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။

ထောက်ပတ်သီးဟာ အသားအရေးကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ်ကိုလည်း လိမ်းပေးနိုင် ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တခုကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိမ်းသိမ်း ကာကွယ် ပေးနိုင်တယ်ဆိုတာပါ ပဲ။

နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ဆိုရင် နှလုံး ဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါ သည်တွေအတွက် ဓာတ်စာ သစ်သီး ၅ မျိုးကို အဓိက လမ်ညွှန်ပြီး စားသုံးဖို့ကို ထောက်ခံချက်ပေးရာမှာ ထောပတ်သီး က အဓိက ပါဝင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ အထက်ကပြောခဲ့သလို ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော ( fat and cholesterol) တွေကို လျော့ကျစေလို့ ဖြစ်ပါတယ်။ ၀မ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစား အစာတွေကို စားပေးသင့်ပါတယ်။

မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ၀မ်းဗိုက် အဆီကိုလျှော့ချပေးတဲ့အတွက် ၀မ်းဗိုက်ချပ်စေမှာဖြစ်ပါတယ်။ နောက်တမျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်းရောင် ချော့ကလက်( dark chocolate ) ပါဘဲ။

အမည်းရောင် ချော့ကလက်ကို နေ့စဉ် စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ၀မ်းဗိုက်ပူလို့ စိတ်ပျက်
နေတဲ့သူတွေအတွက် လွယ်ကူ အောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် သိထားတဲ့ အကြောင်း အရာလေး တွေကို မျှဝေ ပေးလိုက်ပါတယ်။

အိမ့်သံစဉ်

REF: Irrawaddy-Burmese
Posted by Admin Team-NOM
shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_26.html#more

ဝိတ် လျှော့ချသူများ လွဲမှားစွာရှောင်ကြသော စားသင့်သည့် အစားအစာများ

View image detail 
၁။ ကြက်ဥ
လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး အာဟာရဓာတ် ညီညွတ်မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံးစားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားပေးတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ် အစာထပ်စားဖို့ကို နည်းသွားစေပါတယ်။ 

၂။ အမဲသား
ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အနီရောင်ရှိတဲ့အသားတွေကို စားသုံးဖို့ အားမပေးခဲ့ပါဘူး။ အနီရောင်ရှိတဲ့ အသားတွေထဲမှာ အမဲသားလည်း အပါအဝင်ပါ။ ဒါပေမဲ့ အမဲသားက သင့်ခါးပတ်လည်က အဆီတွေကို လျှော့ချဖို့အတွက် စားလို့ရတယ်လို့ နောက်ဆုံးပေါ် လေ့လာမှုတွေက ဆိုပါတယ်။ တကယ်တော့ အဆီမပါတဲ့ အမဲသားက အရေခွံမပါတဲ့ ကြက်ရင်ပုံသားထက် ပြည့်ဝဆီတွေ များတာမှန်ပေမဲ့ အမဲသားကနေ ပရိုတင်းဓာတ်တွေ ပိုမိုရရှိနိုင်ပါတယ်။ ကြက်ဥလိုပဲ အမဲသားမှာ ပရိုတင်းတွေ များစွာပါရှိတာကြောင့် ဗိုက်ပြည့်တင်းနေစေပြီး ဆာလောင်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ အမဲသားကို အလွန်အကျွံမစားသုံးဘဲ ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့လိုပါတယ်။

၃။ ကွတ်ကီး
သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေချိန်မှာ ကွတ်ကီးစားသုံးမှုကို ရှောင်ထားပါသလား။ ပညာရှင်တွေက ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ကွတ်ကီးတွေ စားသုံးတာက ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်စေတယ်လို့ အကြံပြုထားပါတယ်။ လေ့လာမှုတစ်ခုက ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစားအစာတွေ စားသုံးတာက ပြုပြင်ထားတဲ့ အစားအစာတွေ စားတာထက် ဝမ်းဗိုက်က အဆီတွေကို ပိုမိုလျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

၎။ အစေ့အဆန်များ
အစေ့အဆန်တွေမှာ အဆီပါဝင်မှုများပါတယ်။ ဒီအဆီတွေက ခန္တာကိုယ်အတွက် ကောင်းတဲ့အဆီတွေပါ။ အစေ့အဆန်တွေမှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိထားပေးပါတယ်။ လေ့လာမှုတွေက အစေ့အဆန်တွေဟာ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုနည်းအောင် ထိန်းချုပ်ထားပေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။

၅။ ချိစ်
ကိုယ်အလေးချိန်လျှော့ချသူ အများစုက ကိုယ်အလေးချိန် လျှော့ချနေချိန် အတွင်းမှာ ချိစ်စားသုံးတာကို ရှောင်တတ်ကြပါတယ်။ ချိစ်က ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် တချို့လေ့လာမှုတွေက ချိစ်စားသုံးမှုကို ရှောင်ရှားလိုက်တာဟာ မှားယွင်းတယ်လို့ဆိုပါတယ်။ လေ့လာမှုတစ်ခုက ခန္တာကိုယ်က အဆီတွေကို လောင်ကျွမ်းဖို့အတွက် ကယ်လ်စီယမ်ဓာတ် အလုံအလောက်ရှိဖို့ လိုတယ်လို့ပြောပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ ချိစ်၊ ဒိန်ချဉ်နဲ့ နို့သောက်ပေးတာက ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကယ်လ်စီယမ် ဖြည့်စွက်သောက်သုံးတာက အစားအစာတွေက ရရှိတဲ့ကယ်လ်စီယမ်လောက် ခန္တာကိုယ်အတွက် အကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ခန္တာကိုယ်အတွက် ကယ်လ်စီယမ်ဓာတ်ကို အစားအစာကနေ ရရှိအောင် စားသုံးသင့်ပါတယ်။

၆။ ကော်ဖီ
ကော်ဖီသောက်သုံးမှုနဲ့ ပတ်သက်ပြီး သုတေသနတွေကနေ တွေ့ရှိချက်တွေ အမျိုးမျိုးပြောခဲ့ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေတာနဲ့ပဲ သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီသောက်သုံးမှုကို ရှောင်ရှားနေဖို့ မလိုတော့ပါဘူး။ ကော်ဖီဖျော်ရာမှာ ထပ်ပေါင်းထည့်တာတွေက ကော်ဖီကိုနာမည်ပျက်စေပါတယ်။ ခရင်မ်၊ သကြားနဲ့ တခြားအနံ့အရသာအမျိုးမျိုးတွေ ထည့်သွင်းဖော်ပြထားတဲ့ ကော်ဖီကတော့ သင့်အတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။ သင်ဟာ ကိုယ်အလေးချိန်လျှော့ချနေသူ တစ်ယောက်ဖြစ်ပါက ကော်ဖီဖျော်ရာမှာအဆီထုတ်ထားတဲ့ နွားနို့ထပ်ပေါင်းထည့်ဖျော်ပေးပါ။ အချိုဓာတ်လိုအပ်တယ်ဆိုရင်တော့ သကြားအနည်းငယ် ထည့်ဖျော်နိုင်ပါတယ်။ နွားနို့က ကယ်စီယမ်နဲ့ ဗီတာမင် ဒီကို ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
Ref : Good Health
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_9935.html

Firefox ကိုအမြန်ဆုံးဖွင့်မယ်

ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။

ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။



Propertiesနိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Targetကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။

Target ကို တွေ့တယ် မလား ...အဲဒီမှာ exe''နောက်မှာ space bar တချက်နှိပ်ပြီ့း /prefetch:1 ကို ထည့်ပေးလိုက်ပါ ။
အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။ မြန်လား မမြန်လားဆိုတာ....

သင့်အသားအရေအတွက် ဆေးဘက်ဝင် အသီးများနှင့် အပင်များ



စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။


ငှက်ပျောသီး
ငှက်ပျောသီးမှာ ဗီတာမင် A နဲ့  ပိုတက်စီယမ် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ချေထား တဲ့ ငှက်ပျောသီး ပျော့ဖတ်များက အရေပြားကို နူးညံ့စေပါတယ်။ ဒါကြောင့် မျက်နှာသန့် ရှင်း ကြည်လင်စေတဲ့ (Face masks) အဖြစ် သုံးရာမှာ ကောင်းမွန်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

ကြက်သွန်မိတ်နဲ့ တူတဲ့ ဟင်းခတ်ပင် (Chive)
ယင်းအပင်မှာ ကန့် ဓါတ်နဲ့  သံဓါတ် မြင့်မားစွာ ပါဝင်တဲ့အတွက် ယင်းအပင်ကို ညှစ်လို့ ရတဲ့ အရည်က အလွန် ကောင်းတဲ့ အသားအရေ ပြည့်ဖြိုးဆေး (Skin Tonic)နှင့် ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ အရေပြားပေါ် တို့ ပြီး အသုံးပြုနိုင်ပါတယ်။

လေးညှင်းပွင့် (Cloves)
လေးညှင်းဆီမှာက ပိုးမွှားများကို သတ်နိုင်တဲ့ အရည်အချင်း ရှိတာကြောင့် သွားတိုက်ဆေး တွေမှာ တန်ဖိုးရှိ ပါဝင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။၎င်းကို ပလုတ်ကျင်းဆေးရည်နှင့် အခြား ခံတွင်း ကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆေးများ ဖော်စပ်ရာမှာ အသုံးပြုပါတယ်။

အုန်းသီး
အခြားပစ္စည်းများနဲ့  ရောစပ်ပြီး သုံးမယ် ဆိုရင် အုန်းသီးက ဆံပင် သန်စွမ်းစေတဲ့ ဆံပင် ပြုပြင်ဆေးအဖြစ် အသုံးဝင်ပါတယ်။ အုန်းသီးကို အရေပြား စွတ်စိုစေတဲ့ ပစ္စည်း (Moisturizers) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ပင်လယ်ရေမှော်
ယင်းပစ္စည်းထဲမှာ ဗီတာမင်ဓါတ်များနှင့် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် မျက်နှာဖုံး များ (Face masks) ပြုလုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အရေပြား ပြသနာများ အတွက် ကုသတဲ့ ဆေးပစ္စည်း များမှာ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ အခြောက် ဒါမှမဟုတ် အမှုန့် ကို သုံးစွဲနိုင်ပါတယ်။

ဖရဲသီး
ဗီတာမင် B နဲ့  C မြင့်မားစွာ ပါဝင်တဲ့အတွက် ဖရဲသီးရဲ့ အသားက မျက်နှာကို အေးမြစေတဲ့ အိမ်လုပ် မျက်နှာဖုံး များနဲ့  အသားအရေအား ပြည့်ဖြိုး လင်းလက်စေတဲ့ ဆေးများ ဖော်စပ် ရာမှာ အသုံးပြုပါတယ်။

တရုတ်နံနံ (Parsley)
တရုတ်နံနံ ပါဝင်တဲ့ လက်ဖက်ရည်ကြမ်းက အလွန်တရာ ကောင်းမွန်တဲ့  ပလုတ်ကျင်း ဆေး ရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားအရေ မတွန့် စေတဲ့  လိမ်းဆေး (Lotion) တွေမှာလည်း တရုတ်နံနံက အလွန်ကောင်း ပါတယ်။ ၄င်းကို ပျော့ဖတ် ဖြစ်အောင် လုပ်ပြီး အသားအရေ ပြည့်ဖြိုးဆေးရည်၊ အသားအရေ ကြည်လင် ချောမွတ်စေတဲ့ လိမ်းဆေးများ (Toner) နဲ့  ချေး ချွတ်ဆေးတွေထဲမှာ ပေါင်းစပ်ပေးထားတယ်။

အာလူး
ချေပြီး အေးခဲထားတဲ့ အာလူးနှစ်က ခြောက်သွေ့ တဲ့ အသားအရေအတွက် အသားအရေ စိုနေ အောင် လုပ်ရာမှာ အထူး အစွမ်းထက်တယ်။ မျက်နှာဖုံး ပြုလုပ်ရာမှာလည်း ကောင်းမွန်ပါ တယ်။ ရောင်နေတဲ့ မျက်ခွံပေါ်များနှင့် နေလောင်ဒဏ်ကို သက်သာစေရာမှာလည်း အသုံးဝင် ပါတယ်။

နှမ်းဆီ
နှမ်းဆီအနေနဲ့  အရေပြား ပြည့်ဖြိုး ကျန်းမာစေတဲ့ ဆေးအမျိုးမျိုးမှာ အသုံးပြုပါတယ်။ နှန်းဆီ က အရမ်းကျဲပြီး ပေါ့ပါး သွက်လက်တဲ့အတွက် အကောင်းစား ချောဆီ ဂုဏ်သတ္တိ မျိုးရှိပြီး နှိပ် နယ်ရာမှာ ခံဆီ အဖြစ် အသုံးပြုပါတယ်။

စတော်ဘယ်ရီ
စတော်ဘယ်ရီသီးတွေက အသားအရေကို ကြည်လင် ချောမွေ့ စေရာမှာပါတယ်။ ချေးချွတ် စေရာမှာ သဘာဝ ကော့စမက်တစ် တစ်မျိုးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး တွေမှာ သွားကို ဖြူစေတဲ့ အက်ဆစ် တစ်မျိုး ပါဝင်ပါတယ်။

Source: http://mgthetnaing.blogspot.com/2011/12/blog-post_6273.html
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_562.html#more

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ



နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။
နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။
နားစည်ထဲ ဘာမှ မထည့်ပါနဲ့ နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။
နားအတွင်းထဲ မဆေးကြောပါနဲ့ နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။
နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့ လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။
ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။
နားထဲ နားဖာချေးပိတ်ဆို့နေခြင်း နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

အဆီပြန်သော ဆံပင် ပိုင်ရှင် များအတွက် လှပသန်စွမ်းနေစေဖို့


ထိပ်ပြောင်သူတွေမှာ အဆီပြန်တဲ့ ဦးရေပြားလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် ပျော့ပျောင်းတဲ့ ဆံပင် ပိုင်ရှင်တွေဟာလည်း ဆံသား အဆီပြန်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ပျော့ပျောင်းတဲ့ ဆံသား ပိုင်ရှင်တွေဟာ ဦးရေပြား တစ်လက်မ ပတ်လည်အတွင်း ရှိတဲ့ ဆံပင်မွေး ပမာဏ ပိုများတဲ့ အတွက်ကြောင့်ပါ။ ဆံသား တစ်ချောင်းစီရဲ့ အောက်ခြေမှာ အဆီဂလင်း ကိုယ်စီရှိပြီး အဆီထုတ်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် ဆံပင်ချောင်းများများ ရှိလေလေ၊ အဆီဂလင်း များများရှိပြီး အဆီပိုထုတ်လေလေ ဖြစ်တာမို့ အဆီများတဲ့ ဆံပင်ပိုင်ရှင် ဖြစ်လာပါတယ်။ ဆံပင် ပျော့ပျောင်းပြီး ထိပ်ပြောင်သူတွေရဲ့ ဦးရေပြားမှာ အဆီဂလင်း ၁၄၀၀၀၀ ခန့်ထိ ရှိတတ်တယ်လို့ ဆံသား ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပုံမှန်လူတွေရဲ့ ဦးခေါင်း တစ်ခေါင်းမှာ ဆံသားမျှင် ၈၀၀၀၀ မှ ၉၀၀၀၀ ထိသာ ရှိတတ်ပါတယ်။ ဒါ့အပြင် ဆံပင်ဖြောင့်သူတွေရဲ့ ဆံသားဟာ အဆီပြန်တတ်ပြီး ကောက်သားပိုင်ရှင်တွေက အဆီပြန်တာ နည်းပါတယ်။ ဒါ့အပြင် ဆံပင်ကို Dryer သုံးပြီး အခြောက်ခံတာနဲ့ စိုထိုင်းဆ ရှိတာဟာလည်း အဆီထုတ်လုပ်မှုကို လှုံ့ဆော်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲ (ဥပမာ-အမျိုးသားဟော်မုန်း အင်ဒရိုဂျင်) ဟာ အဆီဂလင်းကို လှုံ့ဆော်ပေးပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာပါ အင်ဒရိုဂျင် ဟော်မုန်း အဆင့်မြင့်မားတတ်ပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် Androgen ပိုများတာမို့ သူတို့မှာ အဆီပြန်တဲ့ဦးရေပြား ပိုရှိတတ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ ဆံသားဟာ ပျော့ပျောင်းပြီး ဦးရေပြား တစ်လက်မပတ်လည်မှာ ဆံခြည်မျှင် ၃၁၁ ပင် ရှိပေမယ့် အမျိုးသမီးတွေမှာ ၂၇၈ ပင်သာ ရှိတာမို့ အမျိုးသားတွေရဲ့ ဦးရေပြားဟာ အဆီပိုပြန်တတ်ပါတယ်လို့ ဆံသားကျွမ်းကျင်သူတွေက ဆိုထားပြီး အောက်ပါအတိုင်း အကြံပေးထားပါတယ်။

ဦးခေါင်းကို နှိပ်နယ်ပါ
ခေါင်းမလျှော်ခင် ဦးခေါင်းကို နှိပ်ပေးပါ။

မကြာခဏ ခေါင်းလျှော်ပါ
အဆီပြန်တဲ့ ဦးရေပိုင်ရှင်တွေအတွက် တစ်နေ့တစ်ကြိမ် ခေါင်းလျှော်တာဟာ အကောင်းဆုံး နည်းလမ်းပါ။ နေအပူရှိန်နဲ့ စိုထိုင်းဆ မြင့်မားတဲ့ နေ့တွေမှာ အဆီဂလင်းကို ပိုမို လှုံ့ဆော်နိုင်တာကြောင့် တစ်နေ့ နှစ်ကြိမ် ခေါင်းလျှော်ပေးပါ။ အဆီဂလင်းတွေမှ အဆီကို အဆက်မပြတ် ထုတ်လုပ်နေတဲ့အတွက် ခေါင်းလျှော်တာကြောင့် အဆီတွေကို ဖယ်ရှားနိုင်တာအတွက်ပါလို့ ဆိုပါတယ်။

ခါင်းလျှော်ရည် အကြည်ရောင်ကို သုံးပါ
အကြည်ရည် ဖြစ်တဲ့အတွက် ခေါင်းလျှော်ရည်ထဲမှာ ချွဲကျိတဲ့အရာတွေ ပါဝင်မှု နည်းသွားပြီး အဆီတွေကို သန့်စင်အောင် ဖယ်ရှားနိုင်ပါတယ်။

Conditioner အသုံးမပြုပါနှင့်
အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေ အနေနဲ့ ခေါင်းလျှော်ရည် Conditioner အသုံးမပြုသင့်ပါ။ Conditioner လိုအပ်တယ်လို့ ထင်ရင်လည်း အဆီအနည်းဆုံး ပါဝင်တဲ့ ဒါမှမဟုတ် အဆီပါဝင်မှု မရှိတဲ့ Conditioner ကို အသုံးပြုပြီး ဆံပင်အဖျားမှာသာ သုံးပေးပါ။

နှစ်ကြိမ်လျှော်ပါ
အဆီပြန်တဲ့ ဦးရေပိုင်ရှင်တွေဟာ ခေါင်းတစ်ခါလျှော်တိုင်း နှစ်ကြိမ်လျှော်ပေးပါ။ တစ်ကြိမ်စီမှာ ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာ ငါးမိနစ်စီ ထားပေးပါ။

ခေါင်းလျှော်ပြီးလျှင် အဆီ ရှိ၊ မရှိ စစ်ဆေးပါ
ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်အောင် သုတ်ပေးပြီးရင် ဆံသားမှာ အဆီပြန်တာ ရှိ၊ မရှိ စစ်ဆေးပါ။ အဆီပြန်သေးရင် ခေါင်းလျှော်တာ အဆီတွေ စင်အောင် မသန့်စင်နိုင်သေးလို့ပါ။ တစ်ကြိမ်ထပ်ပြီး ခေါင်းလျှော်ပါ။

ဆံသားပေါက်ရာ လမ်းကြောင်း ပြောင်းပြန်အတိုင်း အခြောက်ခံပါ
အဆီပြန်တဲ့ ဆံပင်ပိုင်ရှင်တွေဟာ ခေါင်းလျှော်ပြီး ဒီအတိုင်း အခြောက်ခံထားရင် ဆံပင်ဟာ ပြားကပ်ကပ် ဖြစ်နေတတ်ပါတယ်။ ဆံပင်အုံထူတယ်လို့ ထင်ရအောင် Blow Dry လုပ်ပေးရင် ဆံပင်ကို အရင်းမှ မတင်ပြီး အထက်သို့ လှန်ကာ ခေါင်းဖြီးပေးပါ။

မကြာခဏ ခေါင်းမဖြီးပါနှင့်
အဆီပြန်တဲ့ ဆံသားပိုင်ရှင် ရှိသူတွေဟာ ကြမ်းကြမ်းတမ်းတမ်း ခေါင်းမဖြီးရပါ။ အရင်းမှ ဖိဆွဲပြီး ခေါင်းဖြီးတာကြောင့် ဦးရေပြားပေါ်မှ အဆီတွေဟာ ဆံသားအဖျားဆီ ရောက်သွားနိုင်ပါတယ်။

လှပသော ဆံပင်ပုံစံ ထားပါ
အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေဟာ ဆံပင်အရှည်ထားပြီး ဆံပင်ဖြန့်ထားမယ်ဆိုရင် ဆံပင်အလေးချိန်ကြောင့် အောက်ကို တွဲကျပြီး ထိပ်မှာ ပြားကပ်နေတတ်ပါတယ်။

စိတ်ဖိစီးမှု လျှော့ချပါ
သင်ဟာ စိတ်ဖိစီးမှုများနေရင် သင့်ခန္ဓာကိုယ်မှ အင်ဒရိုဂျင်တွေ ပိုထွက်လာပြီး အဆီဂလင်းကို လှုံ့ဆော်တာကြောင့် အဆီတွေ ပိုထွက်လာပါတယ်။ ယောဂလုပ်တာ၊ ထိုက်ချိကစားတာ ဒါမှမဟုတ် တရားထိုင်တာလိုမျိုး စိတ်ဖိစီးမှု လျော့စေတဲ့ နည်းလမ်းတွေ ပြုလုပ်ပေးပါ။

သန္ဓေတားဆေးများကို သတိထားပါ
သန္ဓေတားဆေးတွေကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။ သင်ဟာ အဆီပြန်တဲ့ ဆံသားပိုင်ရှင် ဖြစ်ပြီး သန္ဓေတားဆေး အသုံးပြုမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

မီးဖိုချောင်မှ ကုထုံးများ

(က) ရှလကာရည် သုံးပါ
ခေါင်းလျှော်ပြီး ရေနဲ့ ဆေးချလို့ နောက်ဆုံးအကြိမ်မှာ ရှလကာရည် တစ်ဇွန်းကို ရေတစ်ပုလင်းနဲ့ ရောစပ်ထားပြီး ရေနဲ့ ဆေးချပါ။ ဒီအရည်ဟာ လက်ကျန် ဆပ်ပြာ(ခေါင်းလျှော်ရည်) တွေ အားလုံးကို ကင်းစင်စေနိုင်ပါတယ်။ အနံ့အသက်ကျန်မှာ မစိုးရိမ်ပါနဲ့။ ရှလကာရည် အနံ့ဟာ အမြန် ပျောက်လွယ်ပါတယ်။

(ခ) ရှောက်ရည် အသုံးပြုပါ
ရှလကာရည် မရှိရင်လည်း ရှောက်သီး နှစ်စိတ်ကို ရေထဲမှာ ညှစ်ထည့်ထားတဲ့ ရှောက်ရည်ကို အသုံးပြုပါ။
ဒေါက်တာ ခင်မိုးမိုး
Ref: Good Health

မွဲခြောက်နေသော ဆံကေသာပိုင်ရှင်များအတွက် သဘာဝ၏ နည်းလမ်းကောင်းများ


အမျိုးသား ၇၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကို စတင်တွေ့တွေ့ချင်း ဆံပင်ပုံစံကို  သတိထားမိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အမျိုးသမီး တစ်ယောက်က လိုက်ဖက်တဲ့ ဆံပင်ပုံစံရှိပြီး ဆံပင်သားတွေ တောက်ပ သန်စွမ်းနေရင် အလှဂုဏ် ပိုမိုတင့်တယ် လာပါတယ်။ တကယ်လို့ ဆံပင်သားတွေ နွမ်းနယ်ပြီး ခြောက်သွေ့ပျက်စီးနေရင် အလှလည်း ညှိုးနွမ်းရ တတ်ပါတယ်။ ဆံပင်သားဟာ နေရောင်ခြည်ဒဏ် ကြာကြာခံရတာ၊ ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ အရပ်မှာ နေရတာ၊ အပူပေးမှု များတာတွေကြောင့်  တောက်ပမှု လျော့ကျပြီး ခြောက်သွေ့ မွဲခြောက် နေတတ်ပါတယ်။ ဆန့်ကျင်ဘက် ပုရိသတို့ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် ဆံပင်သားကလည်း တောက်ပ ကျန်းမာလှပနေဖို့ လိုပါတယ်။ ဒါကြောင့် မွဲခြောက်နေတဲ့ ဆံပင်တွေ တောက်ပလာစေဖို့ လုပ်သင့်တဲ့ အိမ်တွင်း ကုထုံးတွေကို အကြံပြုလိုက်ပါရစေ။

ရှလကာရည်
သင့်ဆံပင်တွေ သန့်စင် သွားစေမယ့် ရှမ်ပူကို ရှာလို့မတွေ့ဘဲ ဖြစ်နေပါသလား။ ရှလကာရည်ကို သုံးလိုက်ပါ။ ရှလကာရည် ခွက် (Cup) တစ်ဝက်ကို မတ်ခွက်တစ်ခွက်စာ ရေထဲကို ရောထည့်ပြီး ခေါင်းလျှော်ပြီးစ ဆံပင်တွေကို နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ ရေနဲ့ ပြန်ဆေးစရာ မလိုပါဘူး။ ဒီနည်းကို တစ်လမှာ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ရှလကာရည်မှာ ဆံပင်သားမှာ ကပ်ညိနေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်၊ ဆီ စတာတွေကို ကင်းစင်စေနိုင်တဲ့ အာနိသင် ပါဝင်ပါတယ်။ ဒီနည်းလမ်းကို သုံးတာကြောင့် သင့်ဆံပင်သားဟာ အရင်ထက် ပိုတောက်ပြောင် ချောမွတ်လာတာကို တွေ့ရပါလိမ့်မယ်။

သံပုရာရည်
ဆံပင်ကို ရွှေရောင်ဆိုးထားရင် ဆံပင်ကို စုပြီး သံပရာရည်နဲ့ ပက်ဖျန်းပေးပါ။ နောက်တစ်နည်း အနေနဲ့ ရေမတ်ခွက် တစ်ခွက်ထဲကို သံပရာသီး နှစ်လုံး အရည်ညှစ်ထည့်ပြီး လျှော်ပြီးစ ဆံပင်သားပေါ် နောက်ဆုံးအနေနဲ့ လောင်းချလိုက်ပါ။ သံပုရာသီးထဲက စစ်ထရစ် အက်စစ်ဟာ ဆံပင်သားကို သန့်စင်သွားစေပြီးသံပရာရနံ့ စွဲကျန်စေကာ နေဒဏ်ကြောင့် နွမ်းနယ် ခြောက်သွေ့နေတဲ့ ဆံပင်သားကို သဘာဝကျကျ တောက်ပ နေစေပါတယ်။ သံပရာရည် ပက်ဖျန်းထားတဲ့ ဆံပင်ကို အသွားကျဲတဲ့ ဘီးနဲ့ ဖြီးပေးပါ။

မုန့်ဖုတ်ရာတွင် သုံးသော ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ကို မျက်နှာ အရေပြား ကြေးချွတ်တဲ့ အခါမှာရော ဆံပင်သန့်စင်အောင် ဆေးကြောရာမှာပါ သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့် တစ်ခွက်ကို ရေနည်းနည်းနဲ့ စေးပျစ်တဲ့ အထိ ရောမွှေပြီး ဆံပင်သားပေါ်မှာ ညီညီမျှမျှ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားပြီးမှ ရေအေးနဲ့ ဆေးကြောချလိုက်ပါ။ အချိန်မပေးနိုင်ရင် ရှမ်ပူနဲ့ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရောမွှေပြီး ဆံပင်သားပေါ် သုတ်လိမ်း ခေါင်းလျှော်ကာ ရေနဲ့ ဆေးချလိုက်ပါ။ ဆံပင်သားကို သန့်ရှင်း စင်ကြယ်စေတဲ့ အပြင် တောက်ပ သန်စွမ်းစေပါတယ်။

 ထောပတ်သီးနှင့် ဒိန်ချဉ်
ဆံပင်သားမှာ ဓာတုပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ဖို့ ထောပတ်သီးနဲ့ ဒိန်ချဉ်က အသုံးဝင်ပါတယ်။ ဆံပင်သား ကျန်းမာဖို့နဲ့ ဆံပင်နှစ်ခွ ဖြစ်တာတွေ သက်သာစေဖို့ ထောပတ်သီး တစ်လုံးကို ချေပြီး ဒိန်ချဉ်နည်းနည်းနဲ့ သမအောင် မွှေပါ။ ပြီးရင် အဲဒီအရောကို ဆံပင်သားပေါ် လိမ်းကာ ပလတ်စတစ် ခေါင်းစွပ်စွပ်ထားပြီး တစ်နာရီကြာမှ ခေါင်းလျှော်ပါ။ ရေအေးနဲ့ ဆေးချပေးပါ။

TIPS !

ကွန်ဒီရှင်နာသုံးရန် မမေ့ပါနှင့်
ခေါင်းလျှော် ပြီးချိန်မှာ ဆံပင်ကို ကွန်ဒီရှင်နာသုံးပြီး ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ ဆံပင်သားကို စိုပြည်စေကာ တောက်ပြောင် စေပါတယ်။ သင့်ဆံပင်က အဆီပြန်တဲ့ ဆံပင်ဆိုရင် ဆံပင်အဖျားတွေကို ကွန်ဒီရှင်နာလိမ်းပြီး ထိန်းသိမ်းပေးပါ။

သဘာဝအတိုင်း အခြောက်ခံပါ
ဆံပင် လေမှုတ်စက်ကို မကြာခဏ သုံးမိနေသလား။ အပူဒဏ်ကို တာရှည် ခံရတာကြောင့် ဆံပင်သားရှိ သဘာဝ အဆီတွေ လျော့ပါးကာ ဆံပင်မွဲခြောက် ထိခိုက် နေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာ တောက်ပြန် သန်စွမ်းဖို့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုက ဆံပင်ကို သဘာဝ အတိုင်း လေနဲ့ခြောက်သွေ့အောင် ထားပေးဖို့ပဲ ဖြစ်ပါတယ်။ ဆံပင် စိုစွတ်နေချိန်မှာ ဘယ်တော့မှ ဘီးမဖြီးပါနဲ့။

ပဝါကို ဆောင်ထားပါ
ခရီးသွားတဲ့ အခါ အထူးသဖြင့် စက်ဘီး၊ ဆိုင်ကယ် စီးတဲ့အခါတွေမှာ သင့်ခေါင်းကို ပဝါနဲ့ အုပ်ထားပေးပါ။ ဒါမှသာ ခရမ်းလွန် ရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ ညစ်ညမ်းတဲ့ လေထုနဲ့ လေဒဏ်ကြောင့် ဆံပင်သား ထိခိုက်မှု မရှိအောင် ပဝါက ကာကွယ် ပေးနိုင်ပါတယ်။

Ref: Good Health
Source: http://www.yatanarpon.com.mm/news/news-46977shared by >>>http://natureenergycare.blogspot.com/2012/11/blog-post_23.html

Monday, October 15, 2012

လိပ်ခေါင်းရောဂါ သက်သာအောင်


လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။


၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။

Saturday, October 13, 2012

ဆီးသီးနှင့် ကျန်းမာရေး...


ဆီးသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့  တခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။


(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း

ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင်ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။

(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း

ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း

ဆီးသီးမှာပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီ အင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း

လေ့လာမှုများစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါးနေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ် တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ်စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီနိုင်စွမ်းလည်း ရှိပါတယ်။

(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း

ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီးသီးဟာ အာရုံကြောတွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။

(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း

ဆီးသီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွားပိုးစားတာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးရဲ့ တခြားကောင်းကျိုးတစ်ခုက အသားအရေကို ကြည်လင်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကိုဖြစ်ပေါ်စေပြီး ဗီတာမင်ကေဟာ သွေးခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စနစ်တကျဆံပင်လေးလျှော်ရအောင်...

ဒီပို့စ်လေးကိုတော့ စနစ်တကျဆံပင်လျှော်စေလိုတဲ့ ရည်ရွယ်ချက်နဲ့တင်ထားတာဖြစ်ပါတယ်


ဒီလောက်လွယ်တဲ့ ဆံပင်လျှော်နည်းကို ဘာလို့ ရေးနေလဲ လို့ မေးဖို့ရှိပါတယ်။
ကျွန်မတို့ ငယ်စဉ်ကတည်းက ခေါင်းလျှော်၊ ခေါင်းဖီး ပုံမှန်လုပ်နေကြဖြစ်လို့ ဘယ်သူမဆို လုပ်တတ် တဲ့ အလွယ်ဆုံး အလေ့အကျင့်ဖြစ်တာမှန်ပါတယ်။
ဒါပေမယ့် ကျွန်မတို့ လျှော်နေတဲ့ ဆံပင်လျှော်နည်းမှန် ရဲ့လား။
ကျွန်မတို့ရဲ့ လွဲမှားနေတဲ့ ဆံပင်လျှော်နည်းဟာ
ခေတ်ပေါ် ဆံပင်အလှပြင်နည်းတွေ ကြောင့် ပျက်စီးနေတဲ့ ကျွန်မတို့ ဆံပင်တွေကို ပိုပြီး ကျွတ်တာ ၊ ခြောက်တာ ၊ နှစ်ခွဖြစ်စေတာ ကို ကျွန်မတို့ သတိမထားမိဘဲ မှားမြဲမှားနေကြသလား ဆိုတာ ဆန်းစစ်ကြည့်ကြဖို့ လိုအပ်ပါတယ်။
ကဲ ဆံပင်လျှော်နည်း အမှန်ကို ကြည့်ကြရအောင်။

၁)
ပထမဆုံး ဆံပင် မလျှော်ခင်၊ ရေမစိုခင်မှာ ရှုပ်နေတဲ့ ဆံပင်တွေကို ဦးစွာ ဖီးရှင်း သင့်ပါတယ် တဲ့။ ဒါမှ ဆံပင်ကို လျှော်တဲ့ အခါ ဆံပင်တွေမရှုပ်တော့ဘဲ ပိုမိုလွယ်ကူစွာ လျှော်နိုင်မှာပါ။
၂)
ဆံပင်ကို ရေစွတ်တဲ့ အဆင့်ဖြစ်ပါတယ်။ ရေအေး သို့ ရေအေး ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်တယ်ဆိုပေမယ့် အကောင်းဆုံးကတော့ ရေနွေးနဲ့ စလျှော်ရပါတယ်တဲ့။ ဒါမှ ဦးရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး ဆံပင် အရင်းက ဆီတွေ ချေးညှော် တွေကို စင်ကြယ်စွာလျှော်နိုင်မှာပါ။
 ၃)
ကိုယ်နှစ်သက်တဲ့ ခေါင်းလျှော်ရည်ကို လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ လက်ဖ၀ါးပေါ်မှာ အရင်ဆုံး ခေါင်းလျှော်ရည် ထည့်ပြီး လက်ဖ၀ါးနှစ်ဖက်ကို ပွတ်ပြီးတော့မှ (ဆံပင်အဖျားမဟုတ်ပါဘူး) ခေါင်းဦးရေပြားပေါ်ကို လိမ်းရမှာဖြစ်ပါတယ်။ ဦးရေပြားက အညစ်အကြေးတွေကို စင်ကြယ်စေတဲ့ ခေါင်းလျှော်ရည်ဟာ ဆံပင်အဖျား အတွက်တော့ ခြောက်သွေ့ စေ ၊ နှစ်ခွဖြစ်စေပြီး အားနည်းစေလို့ပါ။
၎)
(လက်သည်းနဲ့ မဟုတ်ပါဘူး) လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားက အညစ်အကြေးတွေကို ပွတ်လျှော်ရမှာပါ။ လျှော်နေစဉ်မှာလည်း ဆံပင်တွေကို မရှုပ်ရှုပ်အောင် လုံးထွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပြီးရင်တော့ ရေနဲ့ ဆေးကြောပစ်ရပါမယ်။
၅) အကောင်းဆုံး ဆံပင်လျှော်နည်းကတော့ နှစ်ထပ်လျှော်ရမှာဖြစ်ပါတယ်တဲ့။ ပထမအကြိမ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့ ခေါင်းလျှော်ရည်မှာပါတဲ့ အာဟာရဓာတ်တွေကို ဦးရေပြားထဲဝင်ဖို့ဖြစ်ပါတယ်တဲ့။ ဒုတိယအကြိမ်လျှော်ရာကစပြီး ခေါင်းဦးရေပြားက ချွေးပေါက်လေးတွေပြန်ပိတ်အောင် ရေအေးကိုသာ ဆက်လက်အသုံးပြုသင့်ပါတယ်တဲ့။
ဒါ့အပြင် ဒုတိယအကြိမ်မှာ ခေါင်းလျှော်ရည်ကို ဦးရေ ပြားပေါ်မှာ နှစ်မိနစ်ခန့် ထားပြီး ဆံပင်ကို အစာကျွေးသင့်ပါတယ် ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးကြောပစ်ရပါမယ်။
၆) နှစ်ထပ်ခေါင်းလျှော်ပြီးတဲ့ အချိန်မှာတဲ့ အချိန်မှာတော့ ဆံပင်ပေါ်ကရေကို လက်နဲ့ ညှစ်ပါ။ ဆံပင်ရေစိုကို ဆောင့်ဆွဲခြင်း ခါချခြင်း များ မပြုလုပ်သင့်ပါဘူး။ စိုစွတ်နေတဲ့ ဆံပင်ဟာ အနူးညံ့ဆုံးဖြစ်လို့ ဆံပင် ကျွတ်ခြင်း ပျက်စီးခြင်းတွေ ဖြစ်စေလို့ပါတဲ့။
၇)
conditioner လိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ (ဦးရေပြားကို လိမ်းရမှာမဟုတ်ပါဘူး) စိုနေတဲ့ ဆံပင်အချောင်းလိုက်ကို သုတ်ရမှာပါ။ ဆံပင် တစ်ချောင်းလုံးနဲ့ အဖျားတွေကို အလေးထားပြီး သုတ်လိမ်းရမှာပါ။ သုတ်လိမ်းပြီးရင် shower cap လို့ခေါ်တဲ့ ဆံပင်ကိုအလုံ အုပ်နဲ့ ၅မိနစ်မှ ၁၀ မိနစ် ခန့်ထားသင့်ပါတယ်။ ပြီးရင်တော့ ရေအေးလေးနဲ့ ပဲ conditioner စင်ကြယ်တဲ့ အထိ ဆေးကြော ရပါမယ်။ conditioner မစင်ခြင်းဟာ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေနိုင်လို့ပါ။
၈)
ပြီးရင်တော့ ဆံပင်ကို လက်နဲ့ ရေညှစ်ပါ။ သဘက်စောင်နဲ့ ပတ်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ ထပ်ပွတ်ပါ။ ခပ်ကြမ်းကြမ်း ခပ်မြန်မြန်သုတ်ခြင်းကို သင့်ဦးရေပြား အနာခံ နိုင်ရုံသာ သုတ်သင့်ပါတယ်။ ပြီးရင်တော့ အကောင်းဆုံး လေအေးလေးနဲ့ ခြောက်သွားအောင် မှုတ်သွားရမှာဖြစ်ပါတယ်။
ကဲ ဖော်ပြခဲ့တဲ့ အရိုးရှင်းဆုံး ခေါင်းလျှော်နည်း အဆင့်တွေ ဟာ များလည်းများပြီး အချိန်လည်း အများကြီး ပေးရပါတယ်။ ဒါပေမယ့် လှပတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့ အချိန်ရော အားစိုက်မှုရော လိုအပ်လို့ ရွှေမြန်မာမလေးများ ဆံပင်ကို မှန်ကန်သော ဆံပင်လျှော်နည်းဖြင့် ထိန်းသိမ်းနိုင်ကြပါစေနော်။

(ဒီကိုနှိပ်ရင် မူရင်းကိုရောက်တယ်နော်.....)

Tuesday, October 9, 2012

ကျန်းမာရေးနဲ့ ညီညွှတ်အောင်နေရအောင်...........

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
 
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
    မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
  မနက်စာ မစားဘဲနေခြင်း

မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
  ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။  ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း

ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။  ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
  ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
  လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။

ကဲ ဒီတစ်ခါမှာတော့ ရေနွေးကြမ်းလေးနဲ့ ၀ိတ်လျော့မယ်.....

Photo: ''ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့'' ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရှေးကတည်းက ရေနွေးကြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးကြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။ ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက် ၁။ အဆီကျခြင်း ၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း ၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း ၄။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း ၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း ၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ဒီလောက်ဆိုရင် ရေနွေးကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ Reference : Internet ဘာသာပြန် : Wutyee Food House ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ 

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ 
 ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက်

၁။ အဆီကျခြင်း

၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း

၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း

၎။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း

၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း

၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဒီလောက်ဆိုရင် ရေနွေကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

Monday, October 8, 2012

စွန့်စွန့်စားစား ကမ္ဘာ့လူသားများ



 ကြည့်ပါဦး တကယ်အထူးအဆန်းချည်းပဲ ယုံဖွယ်ရာတောင်မရှိဘူး.........


The Extreme Level Of Craziness














The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness
The Extreme Level Of Craziness






Thankyou............
ကဲ ကြည့်ပြီးရင်လည်း မန်ဘာလေးဘာလေးဝင်လိုက်ကြပါဦးနော်
ကျေးဇူးအထူးတင်ရှိပါသည်ရှင်..................

ကဲ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းသေနည်းလေးတွေ တင်ပေးလိုက်တယ်

စမ်းမကြည့်ရဘူးနော် ဂယ်ပြောတာ.........................

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။
- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။
- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။
- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။
- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။
- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။
- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။
- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။
တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။
- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။
- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။
- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။
- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။
- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။
- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။
- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။
- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။