အမြွှွှွှွှွှွှာကလေးမွေးရခြင်းမှာ မွေးရိုးစဉ် တစ်သားနှင့်တစ်သား နှစ်ခြားမွေးခြင်းမဟုတ်။ မျိုးအောင်သော အမဥအိမ်သည် တစ်ခါတစ်ရံ တပ်တူဆဲလ်နှစ်ခုအဖြစ် ကွဲလာသောအခါ ထပ်တူအမြွှွှွှွှွှွှွှာများ( Identical Twins) မွေးလာသည်။ ထပ်တူအမြွှာများ သည် လိင်တူဖြစ်ပြီး ဗီဇအားဖြင့်လည်းတူသည်။ (Monozygotic)
တစ်ခါတလေကျတော့ အမျိုးသမီးများသည် တစ်ချိန်တည်းမှာ မျိုးပွားဥနှစ်ခု၊ နှစ်ခုထက်ပိုပြီးထုတ်နိုင်တာကိုတွေ့ရသည်။ အထူးသဖြင့် သန္ဓေတည်ဆေးသုံးသူတို့တွင်တွေ့ရတတ်သည်။ ကွဲပြားသော မျိုးပွားဥနှစ်ဥတွင်သန္ဓေတည်သောအခါ ထပ်မတူ အမြွှွှွှွှွှာများ (Fraternal Twins) မွေးသည်။ သည်လိုမြွှာများသည် လိင်တူချင်းလည်းတူမည်၊ ကွဲချင်လည်းကွဲမည်။ နှစ်မျိုးစလုံး ဖြစ်နိုင်သည်။ သူတို့၏ရုပ်ရည်ကလည်း ခြားနားနိုင်သည်။ ထပ်တူအမြွှွှွှွှွှာများသည်သာ ရုပ်ချင်းခွဲခြားမရအောင်တူနေကြပြီး ထပ်မတူအမြွှွှွှွှွှာများကမူ အသက်ချင်းမတူသောညီအစ်ကိုမောင်နှမများတစ်တွေ ရုပ်ချင်းဆင်သလောက်ပင် သူတို့သည်လည်း ဆင်နိုင်သည်။ ထပ်မတူအမြွှွှွှွှွှာမွေးချင်းတို့သည် မျိုးရိုးဗီဇ-gentic makeup ချင်း တစ်ထပ်တည်းမကျ။ မျိုးအောင်သောအမဥအိမ်နှင့်အဖိုဥအိမ်သုတ်ကောင်တို့မှာ တစ်ဦးစီအတွက် တသီးတခြား ဖြစ်သောကြောင့် ဗီဇကွဲမျိုး (Dizygotic)ဟုခေါ်သည်။
အမြွှွှွှွှွှွှွှွှွှွှွှာများမွေးဖွားရာတွင် နှစ်မြွှွှွှွှွှွှာ၊ သုံးမြွှွှွှွှွှာ၊ လေးမြွှွှွှွှွှွှွှွှွှွှွှာ မှ အများဆုံး ရှစ်မြွှွှွှွှွှွှာအထိမွေးနိုင်ကြောင်းသိရသည်။ သို့သော် အကြိမ် ၉၀ တွင်တစ်ကြိမ်ဆိုသလိုအမြွှွှွှွှွှွှာ တစ်စုံမွေးဖွားနိုင်သော်လည်း အကြိမ်ငါးသိန်းမွေးမှ လေးမြွှွှွှွှွှာ ပူးတစ်စုံကြုံရလေ့ရှိသည်။
ထူးဆန်းအံ့ဖွယ် ။ ။ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ၂၀ရက် တွင် ဆရာမကြီးတစ်ယောက်(ဖေဖော်ဝါရီလ ၂၀ရက်နေ့သည် သူမ၏ မွေးနေ့လဲဖြစ်သည်။ ) သူမသည် သူမ၏ချစ်လှစွာသော အစ်မတစ်ယောက် နေ့စေ့လစေ့မီးဖွားရန် တာစူနေချိန်၊ သူ့အစ်မ လွယ်ထားသည့် သန္ဓေသားကလည်း အမြွှွှွှွှွှွှွှွှွှာဖြစ်နေ၍ သူ့စိတ်ဝယ် တိတ်တခိုးအစိုးရိမ်ကြီးဆဲ ။ ထိုဖေဖော်ဝါရီလ ၂၀ရက်နေ့ တွင်မြန်မာနိုင်ငံ၌ ရင်ချင်းဆက်အမြွှွှွှာတစ်စုံကို မြန်မာနိုင်ငံခွဲစိတ်ပါရဂူကြီးများက အောင်မြင်စွာခွဲစိတ် မွေးဖွားသန့်စင်ပြီး ရိုးရိုးအမြွှွှာညီအစ်မ မနန်းစိုး-မနန်းစံ အဖြစ် ရှင်သန်ပွင့်လင်းစေခဲ့သည်။ ထို၂၀ရက်နေ့အထိ အမြွှွှွှွှွှွှွှွှွှာသန္ဓေလွယ်ထားသည့် အစ်မတစ်ယောက် ရင်ချင်းဆက်အမြွှွှွှွှွှာအကြောင်းကို မသိရှိရလေအောင် ကြိတ်မှိတ်ဖုံးဖိထားခဲ့သည်။ သို့သော်မကြာလိုက်ပါ။ ထိုအစ်မကြီးသည် “မကြီး-မငယ်” အမြွှွှွှွှွှွှွှွှာညီအစ်မကို ချောချောမောမော မွေးဖွားသန့်စင်လိုက်သည့်အခါ အားလုံးအတွက် ပျော်စရာအတိပြီးတော့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံဆေးပညာ သမိုင်းတစ်ရပ်ဖြစ်သည့် ထို၁၉၇၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ထိုဆရာမကြီးမေ့ပျောက်မရနိုင်သော
နေ့တစ်နေ့ဖြစ်သလို မြန်မာနိုင်ငံသူ နိုင်ငံသားတို့ဂုဏ်ယူဝင့်ကြွားနိုင်လောက်သောနေ့ရက် လည်းဖြစ်သည်။
၂၀၀၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်းသြစတေးလျနိုင်ငံ ပါရဂူကြီးများက နောက်စေ့ချင်းစက်ပြောင်းပြန်ဆက်နေသည့် အမြွှွှွှွှွှွှွှွှာညီအစ်မတစ်စုံကိုလည်း တသီးတခြား စီဖြစ်အောင်အောင်မြင်စွာခွဲစိတ်ကုသလိုက်ကြောင်း သတင်းစာများတွင်ဖော်ပြခဲ့သည်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလလယ်၌ ထိုင်းနိုင်ငံတွင် ကစ်တီ နှင့်ပစ်ကီ ဟုအမည်ပေးထားသော ရင်ချင်းဆက်အမြွှွှွှွှွှွှွှာညီအစ်ကိုတို့ကို မွေးဖွားခဲ့လေသည်။ သို့သော် သူတို့ကတော့မနန်းစိုး-(မနန်းစံ) နှင့်အေးအေးငြိမ်း-အိအိငြိမ်း တို့လောက်ကံမကောင်းခဲ့ပေ။ ထိုကလေးငယ်နှစ်ဦးမှာ ရင်ဘတ်မှဝမ်းဗိုက် အထိ ဆက်နေ၍ ကျောက်ကပ်၊ နှလုံးနှင့် အသည်းချင်းကလည်း ဆက်နေသည်ဖြစ်ရာ သည်လိုအမြွှွှွှွှွှွှွှာမျိုးကို ခွဲထုတ်လိုက်မည်ဆိုပါလျှင် နှစ်ဦးစလုံး အသက်ရှင်နိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူခွဲစိတ်ပါရဂူကြီးများက ပြောကြားခဲ့လေသည်။
၁၈၈၁ ခုနှစ်ကလည်း ထိုင်းနိုင်ငံတွင် အန်ဘန်ကာနှင့် ချန်ရာဒိုကာ ဆိုသော ရင်ချင်းဆက်အမြွှွှွှာနှစ်ဦးမွေးဖွားခဲ့ဖူးသည်။ သူတို့လူလားမြောက်ချိန်၌ အမေရိကန်နိုင်ငံတွင် အခြေချ၍ ညီအစ်မနှစ်ယောက်ကိုလက်ထပ်ယူခဲ့ရာ သူတို့နှစ်ဦးမှ ကလေးတစ်ဒါဇင် မွေးဖွာခဲ့ပြီး အသက် ၆၃ နှစ်ကျမှကွယ်လွန်ခဲ့ကြကြောင်းမှတ်သားမိပါသည်။
အမြွှွှွှွှွှွှွှာဝတ္တု။ ။အမြွှွှွှွှွှွှွှွှွှာဝတ္တုများအနက် Lattie and Lisa ၀တ္တု တွင် “ဘိုလာကင်” ရေကူးကန်နံဘေးရှိ တောင်ပေါ်ရွာကလေးမှာ အလွန်လှပသည့် နွေရာသီ ကလေးအပန်းဖြေစခန်းလေးတစ်ခုဖြစ်သည်။ ထိုကလေးများ အပန်းဖြေစခန်း သို့ဗီယင်နာမြို့မှ ကိုးနှစ်သမီး Lisa Palfy လေးက သူ့သူငယ်ချင်းတွေနှင့် အရင်ရောက်နှင့်လေ၏။
တစ်ညနေတွင် ထိုနေရာသို့ ဂျာမနီတောင်ပိုင်းမှ မိန်းကလေးအယောက်၂၀ရောက်ရှိလာသည့်အထဲ၌ မြူးနစ်မြို့မှ Lottie Horn (ကိုးနှစ်သမီးလေး) လည်းပါလာသည်။ Lisa ကအေးအေးဆေးဆေး လေးဖြစ်သည်။ သို့သော်သူတို့နှစ်ယောက်စလုံးမှာ ရုပ်ချင်းခွဲခြားမရအောင် ချွတ်စွပ်တူနေလေသည်။ Lisa က ရွှေရောင်ဆံခွေလေးတွေနှင့် lottie ကတော့ သူ့ဆံပင်ရွှေရောင်ကိုသေသပ်စွာ ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည်။ Lisa ၏သူငယ်ချင်းများသည်လည်းပါးစပ်အဟောင်းသားနှင့်။ Lisa ကိုသည်လောက်ပုံတူအဖြစ်နှင့်လာရောက်စော်ကားရမည် လောဟု သူငယ်ချင်းများက မြှောက်ပေးကြသည်။ ဆတ်ဆတ်ကြဲ Lisa ကလည်းမခံရပ်နိုင်။ ထမင်းစားပွဲခုံအောက်ကနေ Lottie ၏ ညို့သကျည်းကိုကန်ထည့်လိုက်သည်အထိပင်။ ထို့နောက် သည့်ထက်မက ဆုံးမလိုက်ဦးမည်ဟုပင်ကြိမ်းဝါးထားသေး၏။
အပန်းဖြေစခန်းကြီးကြပ်သူများသည် သူတို့အချင်းချင်းရင်းနှီးမှုရရှိအောင် အိပ်ရာချင်းဟိုဘက်သည်ဘက်ကပ်လျက်ထားပေးကြသည်။ သူငယ်ချင်းတွေအကုန်လုံး အိပ်ပျော်ကြသော်လည်း သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကျောပေးပြီးအိပ်မောကျဟန်ဆောင် နေကြ၏။ lottie သည် သူသည်နေရာကိုထွက်မလာမီ အမေ့အမှာစကားကိုကြားယောင်နေလေသည်။ “သမီးကို ပေါ့ပါးသွက်လက်ပြီးပျော်ပျော်ပါးပါး နေကြတဲ့တခြားကလေးတွေလိုနေစေချင်တယ်။ အမေက အရမ်းအလုပ်မအားတော့ သမီးလေးက တာဝန်တွေသိပ်ယူရပြီး လူကြီးလေးလိုဖြစ်နေရတာ အမေ့အပြစ်ပါကွယ်။ အမေ မတရားပါဘူး။ ကဲ……..မေ့မေ့ အိမ်ရှင်မလေးရေ……ပြန်လာရင် ပေါ့ပေါ့ပါးပါးနဲ့ အပြုံးမျက်နှာပိုင်ရှင်လေးဖြစ်ပါစေနော်။” ။ Lottie ခမျာ တိတ်တခိုး ကြိတ်ငိုမိတော့၏။ ယခုတော့ ထူးထူးဆန်းဆန်း အခန်းတစ်ခုထဲ၌ သူနှင့်တူရစကောင်းလားဆိုပြီး စိတ်တိုသော သူ့ကိုယ်ပွားပုံတူမလေးနှင့်အတူ လဲလျောင်းနေရပါပြီကော။ မကြာလိုက်ပါ- ထူးဆန်းသော လက်ချောင်းလေးမျာကသူ့ဆံပင်ကိုမ၀ံ့မရဲ လာပြီး ပွတ်သပ်နေပါသည်။ Lottie သည်ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံးတောင့်သွား၏၊ အကယ်ပင် “ကြောက်စိတ်လော” ။ Lisa ကတော့ ခပ်ရှက်ရှက်နှင့် Lottie ၏ဆံပင်လေးတွေကို ဆက်လက်ပွတ်သပ်နေဆဲ။ ငိုနေခဲ့သည့် ကလေးတစ်ယောက်ကလည်း သူ့ခေါင်းကိုပွတ်သပ်ပေးနေသည့် လက်ချောင်းကလေးများကိုစမ်းလိုက်မိတော့သည်။ သည်လိုနှင့် သူငယ်ချင်းတွေမရိပ်မိခင်ပင် Lottie နှင့် Lisa တို့ပြေအေးကြပြီတည်း။
အပန်းဖြေစခန်းလေးမှာ ရက်သတ္တပတ် အနည်းငယ်မျှ ဆုံခွင့်ရသည့် Lottie နှင့် Lisa တို့မွေးဖွားရက်စွဲမှာ အတူတူ၊ ရုပ်ရည်ချင်းကလည်းချွတ်စွပ်တူ၊ အထူးသဖြင့် ကျစ်ဆံမြီးနှစ်ချောင်းနှင့်နေလေ့ရှိသူ Lottie ကကျစ်ဆံမြီးကျစ်ပေးမည့်သူ အမေမရှိ၊ အဖေတစ်ဦးတည်းသာရှိသူ Lisa ကိုပါကျစ်ဆံမြီးကျစ်ပေးလိုက်သည့်အခါ ဘယ်သူက Lisa ၊ ဘယ်သူက Lottie ဖြစ်မှန်း အပန်းဖြေစခန်းမှ ဘယ်သူကမျှ မခွဲခြားနိုင်တော့။ ထိုဆုံစည်းရသည့် ရက်ပိုင်းလေးအတွင်းမှာ Lottie ကအမေနှင့်အတူကြီးပြင်းရပြီး Lisa က အဖေနှင့် အတူကြီးပြင်းရသူအမြွှွှွှွှွှွှာညီအစ်မများဖြစ်သည်ဟူသော မဟာလျှို့ဝှက်ချက်ကြီးကို နှစ်ဦးသား ပူးပေါင်းဖော်ထုတ်နိုင်ကြပြီး သူတို့အမေက Lisalotte။ အမြွှွှွှွှွှွှာနှစ်ယောက်ကိုမွေးတော့ တစ်ယောက်သောသမီးကို သူ့အမည်တစ်ဝက်ဖြစ်သည့် Lisa ၊ ကျန်တစ်ယောက်ကို သူ့အမည်၏ ကျန်တစ်ဝက်ဖြစ်သော Lottie အဖြစ်ချစ်စနိုး မှည့်ခေါ်လိုက် ကာ နှစ်မြွှွှွှွှွှွှွှွှာအသည်းခွဲပေးလိုက်သလို အမည် နှစ်ခြမ်းမှည့်ခေါ်ခဲ့ခြင်းဖြစ်ပုံရသည်။ အဖေဖြစ်သူ အော်ပရာဇာတ်တီးဝိုင်းခေါင်းဆောင် ကွန်ဒပ်တာကြီး Mr.Palfy နှင့်အတူပါသွားသည့်သမီးလေးကတော့ သူ့မိသားစုအမည်ကိုရယူ၍ Lisa Palfy ။သတင်းစာဓာတ်ပုံ အယ်ဒီတာဖြစ်သူအမေ Lisalottie Horn နှင့်ပါသွားသူ Lottie ကလည်းအမေ့မိသားစုကိုရယူသည့်အခါ Lottie Horn ၊ သည်အမြွှွှွှွှွှွှွှွှွှာညီအစ်မနှစ်ယောက်သည်တီးတိုးကြိတ်ရင်း
သူတို့ဘ၀ပဟေဠိကို တစ်စပြီးတစ်စ ဆက်စပ်ဖြေရှင်း နိုင်လာခြင်းဖြစ်သည်။ အမေနှင့်အတူကြီးပြင်းလာသော အဖေငတ်သူက အဖေ့ဓာတ်ပုံကိုတကြည့်ကြည့် ၊ အဖေနှင့်အတူကြီးပြင်းလာသော အမေငတ်သူကလည်းအမေ့ဓာတ်ပုံကြည့်မ၀။ သည်လိုမိမစုံ၊ ဖမစုံ ဘ၀မှလွတ်မြောက်ဖို့ဘာလုပ်ရမည်နည်း။ အပန်းဖြေစခန်းမှ အိမ်အပြန်တွင် သူ့အိမ်ကိုယ်ပြန်၊ ကိုယ့်အိမ်သူပြန် ပြီးအမြွှွှွှွှွှွှွှာညီအစ်မတို့သည် အလွန်ပိရိစွာဇာတ်လမ်းတွေဆင်ကြတော့သည်။ စိတ်ဝမ်းကွဲနေသော မိဘနှစ်ပါး တို့သည်ထက်ထပ်၍ ပြိုကွဲလုနီးပါးအချိန်တွင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ အမြွှွှွှွှွှာညီအစ်မတို့သည် အကြိတ်အနယ် နွှဲလိုက်ကြရာ နောက်ဆုံးတွင် သူတို့ဆန္ဒပြည့်ဝ၍ သည်မိသည်ဖနှင့် အိုအောင်မင်းအောင်နေကြရတော့သည်။
တကယ်တော့ ခွဲမရအောင်တူသည် အမြွှွှွှွှွှွှွှွှွှာညီအစ်မတို့မှာ ပတ်ဝန်းကျင် ၏ပြုပြင်မှုကြောင့် စရိုက်ချင်းလားလားမျှမတူ။ အမေနှင့်အတူနေသူ Lottie ကမိန်းကလေးပီသည်။ ချက်ရေးပြုတ်ရေး အိမ်မှုထိန်းသိမ်းရေးကအစ မိခင်ကပင်အားထားရသူဖြစ်သည်။ အမြဲလိုလိုလည်း ညှိုးညှိုးငယ်ငယ် ရှိလှသည်။ အဖေနှင့်အတူနေရသော Lisa ကမူ နေရာတကာတွင် ပေါ့ပါးသွက်လက်သည်။ ဘာမဆို စိတ်လိုက်မာန်ပါ ဆတ်ဆတ်ကြဲဖြစ်သည်။ ဤမျှစရိုက်မတူသူနှစ်ယောက် နေရာချင်းလဲပြီးသရုပ်ဆောင်သည့်အခါ အတော်ပင်ခွကျပါသည်။ သူတို့လိုရာပန်းတိုင်ရောက်လုနီးပါး အထိဇွဲနပဲကြီးစွာ ဟန်ဆောင်ကောင်းကြသည်မှာ မိရင်း၊ ဖရင်းတို့ပင်မိမိနှင့် အတူနေနေကျ အမြွှွှွှွှာလေ ကွဲသွားသည့်အမြွှွှွှွှွှွှွှာလော တော်တော်နှင့်မသိကြ။ စိတ်ထားနူးညံ့ပြီး အမေနှင့်ကြီးပြင်းလာခဲ့သူ Lottie သည် Lisa အဖြစ် အဖေကြီးနှင့်လာနေပြီး အဖေကြီးနောက်အိမ်ထောင်ပြုတော့မည့်ဆဲဆဲ ကိုယ့်ကိုယ့်ကိုမဟန်
နိုင်ဘဲ ဘူးပေါ်သလိုပေါ်တော့သည်။ သည်တော့မှ အဖေကြီး၏အချစ်သစ်ဇာတ်လမ်းကို ဖြတ်တောက်ပြီး ပြည်ဖုံးကားချကာ အရွယ်ရောက်လာပြီဖြစ်သော အဖေကြီးနှင့် အမေကြီးတို့မှာ အမြွှွှွှွှွှွှွှွှွှာသမီးတို့တတွေ၏ ဆန္ဒနှင့် သံယောဇဉ်ကိုအသိအမှတ်မပြုဘဲမနေနိုင်တော့ပေ။ သည်လိုနှင့်ဇာတ်သိမ်းပိုင်းတွင် မိသားစုတစ်စု ပျောပျော်ရွှင်ရွှင်……….။
နိုင်ဘဲ ဘူးပေါ်သလိုပေါ်တော့သည်။ သည်တော့မှ အဖေကြီး၏အချစ်သစ်ဇာတ်လမ်းကို ဖြတ်တောက်ပြီး ပြည်ဖုံးကားချကာ အရွယ်ရောက်လာပြီဖြစ်သော အဖေကြီးနှင့် အမေကြီးတို့မှာ အမြွှွှွှွှွှွှွှွှွှာသမီးတို့တတွေ၏ ဆန္ဒနှင့် သံယောဇဉ်ကိုအသိအမှတ်မပြုဘဲမနေနိုင်တော့ပေ။ သည်လိုနှင့်ဇာတ်သိမ်းပိုင်းတွင် မိသားစုတစ်စု ပျောပျော်ရွှင်ရွှင်……….။
ယင်းမှာ ပြိုကွဲလုနီးပါး အိမ်ထောင်တစ်ခုကိုရင်ကြားစေ့ဖို့ အမြွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှာကလေးနှစ်ယောက်၏ အရွယ်နှင့်အတန်အောင် စွန့်စားထားသော စွန့်စားခန်းတစ်ရပ် ။ သည်ဇာတ်လမ်းကို The Parent Trap ရုပ်ရှင်၊ မြန်မာနိုင်ငံမှာတော့ နှစ်မြွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှာအသည်းရုပ်ရှင်များအဖြစ် ရှုစားကြရသည်။
စာလေးကဖတ်ကောင်းတယ်နော် ဒါပေမယ့်ရေးရတာတော့တော်တော်မသက်သာဘူးဟီးဟီး …………..
ပါမောကဒေါ်အေးသန်း၏ တစ်ပုံစံတည်းမှ ထုတ်နုတ်ထားခြင်းဖြစ်ပါသည်။
0 ပြောကြားချက်များ:
Post a Comment