
ဗြိတိန်နိုင်ငံက DM သတင်းဌာန ဟာကမ္ဘာတစ်လွှားက အထူးအဆန်းဆုံး အိမ်သာတွေကို စုစည်းပြီး တင်ပြခဲ့ပါသည်။
၁။ ဒီအမျိုးသားတွေ အပေါ့သွားတဲ့ခွက်က ဖရန့်ဖတ်မြို့မှာရှိပါတယ်။ နှုတ်ခမ်းနီ ဆိုးထားတဲ့ နီရဲနေတဲ့ ပါးစပ်ပွင့်နေတဲ့ပုံ ဖြစ်ပါတယ်။
၂။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့က စားသောက်ဆိုင်တစ်ခုအတွင်းမှာထားရှိတဲ့ အပေါ့
သွားခွက်ဖြစ်ပါတယ်။ ခေါင်းတလားပုံသဏ္ဍန်တစ်ခု ကိုတုပထားတာဖြစ်ပါတယ်။
ခြေထောက်နဲ့နင်းရတဲ့ရေလောင်းစနစ် လဲပါရှိပါတယ်။
၃။ ကြေးနဲ့ပြုလုပ်ထားတဲ့ လေမှုတ်တူရိယာ ပုံသဏ္ဍန် အပေါ့သွားတဲ့ခွက်ကတော့ ဂျာမနီ
တောင်ပိုင်း ဖရိုင်းဘတ်မြို့ကဘီယာဆိုင်တစ်ဆိုင်မှာရှိပါတယ်။
၎။ ဒီအိမ်သာကတော့ ကူရှင်ထိုင်ခုံတွေဘာတွေနဲ့တော်တော်စတိုင်ကျပါတယ်။ကွန်ပျူတာ
နဲ့ ဖုန်းပါတပ်ဆင်ထားတဲ့အတွက် ကွန်ပျုတာတွေဖုန်းတွေမကိုင်ရရင်မနေနိုင်တဲ့ သူတွေ၊ အလုပ်မလုပ်ရင် မနေနိုင်တဲ့ သူတွေအတွက်တော့တော်တော့်ကို အဆင်ပြေပါတယ်။ တစ်နည်းအားဖြင့် တစ်ချိန်တည်းမှာပဲ အလုပ်နှစ်ခု ပြီးတာပေါ့နော်။
၅။ ဒီအပေါ့သွားတဲ့ခွက်ကတော့ ရေပုံးပုံသဏ္ဍန်ရှိပြီး ဘရာတီစလာဗာမြို့ရဲ့ ရှုခင်းတွေကို
အပေါ့သွားရင်း ခံစားနိုင်ပါတယ်။
၆။ ဒီအိမ်သာကတော့ တော်တော့်ကို မိတ်ဆွေဆန်ပါတယ်။ ကြည့်ပါလား။ ပါးစပ်ကိုပြဲပြဲ
ကြီးနဲ့ ရယ်ပြ နေတာ။
0 ပြောကြားချက်များ:
Post a Comment