မှဲ့အဟော (ယောက်ျား)
နဖူးတွင်ရှိလျှင် ငွေရှင်ကြေးရှင်တို့ အထင်သေးခြင်းကိုခံရအံ့။
မျက်ခုံးနှစ်ခု အလယ်တည့်တည့်တွင်ရှိလျှင် နာမည်သတင်း ထင်ရှားကျော်စောအံ့။
လက်ယာနှာခေါင်းပေါက် အနီးတွင်ရှိလျှင် သမီး မိန်းကလေးအဖတ်မတင်ဖြစ်အံ့။
လက်ဝဲ နှာခေါင်းပေါက်အနီးတွင် ရှိလျှင် ဇနီးကျန်းမာရေးညံ့အံ့။
လက်ယာပါးစပ်ပေါက်အနီးတွင်ရှိလျှင် အကျိုးမဲ့သောစကားကိုပြောဆိုအံ့။
လက်ဝဲပါးစပ်ပေါက်အနီးတွင်ရှိလျှင် သူတစ်ပါးအတင်းကိုပြောဆိုအံ့။
နားထင်တွင် ရှိလျှင် ဆရာသမားအကြီးအကဲဖြစ်အံ့။
မေးဖျားတွင်ရှိလျှင် အိမ်ထောင်ဆက်များအံ့။
နို့နှစ်ဖက်အလယ်ကြားတွင်ရှိလျှင် စည်းစိမ်ဥစ္စာ ပြည့်ဝအံ့။
နားတွင်ရှိလျှင် ဆရာဖြစ်အံ့။
မျက်ခုံးအောက် အပေါ်မျက်ခွံ့ထောင့်တွင် ရှိလျှင် ကျော်စော ထင်ရှားအံ့။
မေးစေ့တွင်ရှိလျှင် ချမ်းသာ ကြွယ်ဝအံ့။
(မိန်းမ)
လက်ယာဘက် နဖူးတွင်ရှိလျှင် မှီခိုအားထားရသော လင်ယောက်ျား ကိုရအံ့။
နဖူးအလယ်တည့်တည့်တွင်ရှိလျှင် အိမ်ထောင်ရေးကောင်းအံ့။
လက်ဝဲ နဖူးတွင်ရှိလျှင် အိမ်ထောင်ရေး ကံကောင်းအံ့။
လက်ယာဘက် နှာခေါင်းပေါက် အနီးတွင်ရှိလျှင် အိမ်ထောင်ရေးအတွက် ပူဆွေးရအံ့။
လက်ဝဲဘက် နှာခေါင်းပေါက်အနီးတွင်ရှိလျှင် လင်ယောက်ျားကျန်းမာရေးညံ့အံ့။
နှာခေါင်းပေါက်အနီးတွင်ရှိလျှင် ပူဆွေးသောကရောက်အံ့။
လက်ယာပါးစပ်ပေါက်အနီးတွင်ရှိလျှင် ယဉ်ကျေးသိမ်မွေ့အံ့။
နို့တွင်ရှိလျှင် သားသမီးအကျိုးခံစားရအံ့။
ချက်တွင်ရှိလျှင် လင်ယောက်ျားကျန်းမာရေးညံ့အံ့၊ သားသမီးအဖတ်မတင်ဖြစ်အံ့။
အင်္ဂါဇာတ်အလည်တည့်တည့်တွင်ရှိလျှင် အိမ်ထောင်ရေးကံမကောင်း၊
စိတ်ဆင်းရဲ့တွေအံ့။
လက်ယာဘက် အင်္ဂါဇာတ်တွင်ရှိလျှင် အိမ်ထောင်ဆက်များအံ့။
လက်ဝဲဘက် အင်္ဂါဇာတ်တွင်ရှိလျှင် အိမ်ထောင်ပြုပြီး ကျန်းမာရေးညံ့အံ့။
အင်္ဂါဇာတ်အနီး ပေါင်ရင်းတွင်ရှိလျှင် အိမ်ထောင်ဆက်များအံ့။
လက်ယာဘက် ဒူးဆစ်အထက်ပေါင်တွင်ရှိလျှင် ပထမ အိမ်ထောင်ကွဲအံ့။
လက်ဝဲဘက်ဒူးဆစ်အထက်ပေါင်တွင်ရှိလျှင် အချစ်ရေးရှုပ်ထွေးအံ့။
ပါးတွင်ရှိလျှင် ရည်းစားများအံ့။
မေးတွင်ရှိလျှင် ကြွယ်ဝချမ်းသာအံ့။
မျက်ခုံးအောက် အပေါ်မျက်ခွံထောင့်တွင် ရှိလျှင် ထင်ရှားကျော်စောအံ့။
အိမ်ထောင်ရေး လမ်းကြောင်းပေါ်၌ မှဲ့ရှိလျှင် လက္ခဏာရှင်၏ ဘ၀ကြင်ဖော်သည်
ဥပစ္ဆေဒက ဘေးနှင့် သေဆုံးတတ်သည်။
0 ပြောကြားချက်များ:
Post a Comment