Sunday, July 22, 2012

မိတ်ဆွေ သင့်မှာစိတ်ဆိုးစိတ်ကောက်တဲ့မိန်းခလေးပိုင်ဆိုင်ထားရဲ့လား?......

စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး….

သင်နောက်ကျတဲ့အခါ…သူမ စိတ်ကောက်တယ်…အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ….

သင် ဆေးလိပ်သောက်တဲ့အခါ…သင့်ကို စိတ်ဆိုးတယ်…အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ…

သင်အရက်သောက်တဲ့အခါ …စိတ်ဆိုးတယ်…အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူမရှိမှာစိတ်ပူလို့ပါ…ပိုစိုးရိမ်တာကအရက်သောက်ရင် ဘေးဖြစ်မှာကိုပါ…သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ…

သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ… သူမ စိတ်ကောက်တယ်…အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ…မုန့်ကိုပဲ ဝေစားမယ်…သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ….

သူမရဲ့ မွေးနေ့ကိုသင်မေ့တဲ့အခါ…သူမစိတ်ဆိုးမယ်အကြောင်းကသင်ဟာသူမရဲ့ မျှော်လင့်ချက်ပါ… သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ….

မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်…မျှော်လင့်ချက်တွေ ရယူချင်တဲ့သဘောက… သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ…

ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်….

တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်…သင် ကံကောင်းပြီလို့မှတ်ပါတော့….

သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့…အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ…. :)



မိန်းကလေးတွေစိတ်ဆိုးစိတ်ကောက်ပြီဆိုရင်…သူတို့ရဲ့သဘောထားကို မြင်အောင်ကြည့်ပေးပါ.. ကိုယ့်ကိုတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး…သူ့မှာ အကြောင်းရင်းရှိပါတယ်…သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်….

ဒါဆိုရင်သူငယ်ချင်းတို့ရဲ့ချစ်ခရီးလမ်းဟာကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့…

2 ပြောကြားချက်များ:

  1. ရတီသော်အကိုဝင်ရောက်ဖတ်ရှု့ခဲ့ပါတယ်နော်ပျော်ပါစေ စိုင်းတေဇာ

    ReplyDelete
  2. စာရေးရင်သတ်ပုံလေးတွေ အထူးဂရုစိုက်ပါဟယ်အောင်မြင်ပါစေ

    ReplyDelete